ရော​မ​ဩ​ဝါ​ဒ​စာ 6:7-11 Myanmar Standard Bible (MSB)

7. အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​သည် အ​ပြစ်​၏​လက်​မှ လွတ်​မြောက်​ပြီ​ဖြစ်​၏။

8. ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​မည်​ဟူ​၍​လည်း ယုံ​ကြည်​ကြ​၏။

9. သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော်​သည် နောက်​တစ်​ဖန်​သေ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်​တော်​ကို အ​စိုး​တ​ရ​ပြု​တော့​မည်​မ​ဟုတ်။

10. အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​သည်​မှာ အ​ပြစ်​အ​ရာ​၌ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​အ​သေ​ခံ​တော်​မူ​သည်​ဖြစ်​၍ ယ​ခု​အ​သက်​ရှင်​တော်​မူ​သည်​မှာ ဘု​ရား​သ​ခင်​၌ အ​သက်​ရှင်​တော်​မူ​၏။

11. ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြစ်​အ​ရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် အ​သက်​ရှင်​နေ​သည်​ဟု ကိုယ့်​ကိုယ်​ကိုယ်​မှတ်​ယူ​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 6