19. သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
20. သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့စဉ်က ဖြောင့်မတ်ခြင်းနှင့်ကင်းဝေးသောသူများဖြစ်ခဲ့ကြ၏။
21. ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
22. သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းကိုရရှိစေသောအကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
23. အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။