ရော​မ​ဩ​ဝါ​ဒ​စာ 6:18-23 Myanmar Standard Bible (MSB)

18. အ​ပြစ်​၏​လက်​မှ လွတ်​မြောက်​ခွင့်​ရ​ပြီး ဖြောင့်​မတ်​ခြင်း​၏​ကျွန်​ဖြစ်​လာ​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

19. သင်​တို့​၏​သွေး​သား​ဇာ​တိ​အား​နည်း​သော​ကြောင့် ငါ​သည် လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ပြော​ဆို​၏။ ယ​ခင်​က သင်​တို့​သည် မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်​ညူး​ခြင်း​နှင့်​တ​ရား​မဲ့​ခြင်း​တို့​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ တ​ရား​မဲ့​ခြင်း​ထဲ​သို့ ရောက်​ခဲ့​ကြ​သည့်​နည်း​တူ ယ​ခု မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။

20. သင်​တို့​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်​မတ်​ခြင်း​နှင့်​ကင်း​ဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။

21. ထို​စဉ်​က ယ​ခု သင်​တို့​ရှက်​ကြောက်​လျက်​ရှိ​သော​အ​ရာ​တို့​မှ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ကို ရ​ရှိ​ခဲ့​ကြ​သ​နည်း။ ထို​အ​ရာ​တို့​၏​ရ​လဒ်​သည် သေ​ခြင်း​ဖြစ်​၏။

22. သို့​သော် ယ​ခု​အ​ခါ သင်​တို့​သည် အ​ပြစ်​၏​လက်​မှ​လွတ်​မြောက်​ခွင့်​ရ​၍ ဘု​ရား​သ​ခင်​၏​ကျွန်​ဖြစ်​လာ​ကြ​ပြီး သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​စေ​သော​အ​ကျိုး​ကျေး​ဇူး​ကို ခံ​စား​ရ​ကြ​၏။ ၎င်း​၏​ရ​လဒ်​မူ​ကား ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

23. အ​ကြောင်း​မှာ အ​ပြစ်​၏​အ​ခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကျေး​ဇူး​မူ​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 6