18. သို့ဖြစ်၍ ကျူးလွန်သောအပြစ်တစ်ခုကြောင့် ပြစ်ဒဏ်စီရင်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာသကဲ့သို့ ဖြောင့်မတ်သောအကျင့်တစ်ခုကြောင့် အသက်နှင့်ဆိုင်သောဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာ၏။
19. တစ်နည်းဆိုသော် လူတစ်ယောက်၏မနာခံမှုကြောင့် များစွာသောလူတို့သည် အပြစ်သားအဖြစ် သတ်မှတ်ခြင်းခံရကြသည့်နည်းတူ တစ်ယောက်သောသူ၏နာခံမှုကြောင့် များစွာသောလူတို့သည် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရကြလိမ့်မည်။
20. ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။
21. ဤသည်ကား အပြစ်သည် သေခြင်းအားဖြင့် စိုးမိုးခဲ့သည့်နည်းတူ ကျေးဇူးတော်သည်လည်း ဖြောင့်မတ်ခြင်းအားဖြင့် စိုးမိုးလျက် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။