ရော​မ​ဩ​ဝါ​ဒ​စာ 5:17-21 Myanmar Standard Bible (MSB)

17. အ​ကြောင်း​မူ​ကား တစ်​ယောက်​သော​သူ​ကျူး​လွန်​သည့်​အ​ပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အား​ဖြင့် စိုး​မိုး​ခဲ့​လျှင် ကျေး​ဇူး​တော်​နှင့်​ဖြောင့်​မတ်​ခြင်း​၏​ကောင်း​ချီး​လက်​ဆောင်​ကို ကြွယ်​ဝ​စွာ​ခံ​စား​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​၌ ပို​၍​ပင် စိုး​မိုး​ကြ​ရ​လိမ့်​မည်။

18. သို့​ဖြစ်​၍ ကျူး​လွန်​သော​အ​ပြစ်​တစ်​ခု​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​သည် လူ​အ​ပေါင်း​တို့​ထံ​သို့ ရောက်​လာ​သ​ကဲ့​သို့ ဖြောင့်​မတ်​သော​အ​ကျင့်​တစ်​ခု​ကြောင့် အ​သက်​နှင့်​ဆိုင်​သော​ဖြောင့်​မတ်​ခြင်း​သည် လူ​အ​ပေါင်း​တို့​ထံ​သို့ ရောက်​လာ​၏။

19. တစ်​နည်း​ဆို​သော် လူ​တစ်​ယောက်​၏​မ​နာ​ခံ​မှု​ကြောင့် များ​စွာ​သော​လူ​တို့​သည် အ​ပြစ်​သား​အ​ဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ကြ​သည့်​နည်း​တူ တစ်​ယောက်​သော​သူ​၏​နာ​ခံ​မှု​ကြောင့် များ​စွာ​သော​လူ​တို့​သည် ဖြောင့်​မတ်​သော​သူ​အ​ဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

20. ပ​ညတ်​တ​ရား​မူ​ကား ကျူး​လွန်​သော​အ​ပြစ်​ကို များ​ပြား​စေ​ရန်​ဝင်​ရောက်​ခဲ့​၏။ သို့​သော် အ​ပြစ်​များ​ပြား​လာ​သည့်​နေ​ရာ​၌ ကျေး​ဇူး​တော်​သည် ပို​၍​ပြည့်​စုံ​ကြွယ်​ဝ​လေ​၏။

21. ဤ​သည်​ကား အ​ပြစ်​သည် သေ​ခြင်း​အား​ဖြင့် စိုး​မိုး​ခဲ့​သည့်​နည်း​တူ ကျေး​ဇူး​တော်​သည်​လည်း ဖြောင့်​မတ်​ခြင်း​အား​ဖြင့် စိုး​မိုး​လျက် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​ရန်​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 5