ရော​မ​ဩ​ဝါ​ဒ​စာ 4:3-8 Myanmar Standard Bible (MSB)

3. ကျမ်း​စာ​က မည်​သို့​ဆို​ထား​သ​နည်း။ “အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟု ဆို​ထား​၏။

4. အ​လုပ်​လုပ်​ဆောင်​သော​သူ​အ​တွက် လုပ်​အား​ခ​သည် ကျေး​ဇူး​ပြု​ခြင်း​အ​ဖြစ်​မ​ဟုတ်​ဘဲ သူ​ရ​သင့်​ရ​ထိုက်​သော​အ​ရာ​အ​ဖြစ် မှတ်​ယူ​ရ​၏။

5. သို့​ရာ​တွင် လုပ်​ဆောင်​မှု​မ​ရှိ​သော်​လည်း ဘု​ရား​တ​ရား​မဲ့​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​အ​ရှင်​ကို ယုံ​ကြည်​သော​သူ​အ​တွက်​မူ​ကား ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။

6. ထို့​အ​တူ ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​က အ​ကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်​မတ်​သည်​ဟု​သတ်​မှတ်​တော်​မူ​သော​သူ​၏​မင်္ဂ​လာ​ကို ပြော​ဆို​ရာ​တွင်

7. “မိ​မိ​ပြု​သည့်​တ​ရား​မဲ့​သော​အ​မှု​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​၍ မိ​မိ​အ​ပြစ်​များ​ဖုံး​အုပ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

8. ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​မ​ယူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ဆို​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 4