ရော​မ​ဩ​ဝါ​ဒ​စာ 2:2-12 Myanmar Standard Bible (MSB)

2. ထို​သို့​သော​အ​မှု​များ​ကို ပြု​ကျင့်​သော​သူ​တို့​အ​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​ခြင်း​သည် သမ္မာ​တ​ရား​နှင့်​အ​ညီ​သက်​ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။

3. သို့​ဖြစ်​၍ ထို​သို့​သော​အ​မှု​များ​ကို​ပြု​ကျင့်​သော​သူ​တို့​အား စီ​ရင်​လျက်​နှင့် ထို​အ​မှု​တို့​ကို ကိုယ်​တိုင်​ပြု​သော​အ​ချင်း​လူ၊ သင်​သည် ဘု​ရား​သ​ခင်​၏​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်​မှတ်​သ​လော။

4. သို့​မ​ဟုတ် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​သည် သင့်​ကို နောင်​တ​သို့​ပို့​ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်​တော်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​နှင့် စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။

5. သို့​သော် သင်​၏​မာ​ကျော​ခက်​ထန်​မှု​နှင့်​နောင်​တ​မ​ရ​သော​စိတ်​နှ​လုံး​တို့​ကြောင့် သင်​သည် အ​မျက်​တော်​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သည့် တ​ရား​စီ​ရင်​ခြင်း​ထင်​ရှား​ရာ​နေ့​အ​တွက် အ​မျက်​တော်​ကို မိ​မိ​အ​ဖို့​သို​မှီး​လျက်​ရှိ​၏။

6. ဘု​ရား​သ​ခင်​သည် လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​ပြု​သော​အ​မှု​နှင့်​အ​ညီ အ​ကျိုး​အ​ပြစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

7. ကောင်း​သော​အ​မှု​ကို ဇွဲ​လုံ့​လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​တို့​ကို​ရှာ​ဖွေ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လိမ့်​မည်။

8. တစ်​ကိုယ်​ကောင်း​ဆန်​၍ သမ္မာ​တ​ရား​ကို​မ​နာ​ခံ​ဘဲ မ​တ​ရား​မှု​နောက်​သို့​လိုက်​သော​သူ​တို့​အ​ပေါ်​၌​မူ​ကား ပြင်း​စွာ​သော​ဒေါ​သ​နှင့်​အ​မျက်​တော်​ကို သက်​ရောက်​စေ​တော်​မူ​လိမ့်​မည်။

9. ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​တို့​သည် ဦး​စွာ​ဂျူး​လူ​မျိုး ထို့​နောက် ဂ​ရိ​လူ​မျိုး​အ​ပါ​အ​ဝင် မ​ကောင်း​သော​အ​မှု​ကို​ပြု​သည့် သက်​ရှိ​လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​သို့ ကျ​ရောက်​လိမ့်​မည်။

10. ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်​သက်​ခြင်း​တို့​မူ​ကား ဦး​စွာ​ဂျူး​လူ​မျိုး ထို့​နောက် ဂ​ရိ​လူ​မျိုး​အ​ပါ​အ​ဝင် ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သက်​ရောက်​လိမ့်​မည်။

11. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၌ မျက်​နှာ​လိုက်​ခြင်း​မ​ရှိ။

12. ပ​ညတ်​တ​ရား​မ​ပါ​ဘဲ အ​ပြစ်​ပြု​သော​သူ​ရှိ​သ​မျှ​သည် ပ​ညတ်​တ​ရား​မ​ပါ​ဘဲ ပျက်​စီး​ကြ​လိမ့်​မည်။ ပ​ညတ်​တ​ရား​အောက်​၌​ရှိ​လျက် အ​ပြစ်​ပြု​သော​သူ​ရှိ​သ​မျှ​သည်​လည်း ပ​ညတ်​တ​ရား​အား​ဖြင့် စီ​ရင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။

ရော​မ​ဩ​ဝါ​ဒ​စာ 2