ရော​မ​ဩ​ဝါ​ဒ​စာ 16:8-15 Myanmar Standard Bible (MSB)

8. သ​ခင်​ဘု​ရား​၌ ငါ​ချစ်​သော​အမ္ပ​လိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

9. ခ​ရစ်​တော်​၌ ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက်​ဥ​ရ​ဗန်​နှင့် ငါ​ချစ်​သော​သ​တာ​ခု​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

10. ခ​ရစ်​တော်​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ အ​ပေ​လေ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရိတ္တော​ဗု​လု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

11. ငါ​၏​အ​မျိုး​သား​ချင်း​ဟေ​ရော​ဒီ​အုံ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​ရှိ​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

12. သ​ခင်​ဘု​ရား​၌​ကြိုး​စား​လုပ်​ဆောင်​နေ​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ ငါ​ချစ်​သော​ပေ​ရ​သိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

13. သ​ခင်​ဘု​ရား​၌​ရွေး​ကောက်​ခံ​ရ​သော​သူ ရု​ဖု​နှင့် ငါ​၏​မိ​ခင်​လည်း​ဖြစ်​သော သူ့​မိ​ခင်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

14. အ​သုံ​က​ရိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မေ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​များ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

15. ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​နှင့် ဩ​လုမ္ပ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 16