20. ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
21. ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
22. ဤစာကိုရေးပေးသူ အကျွန်ုပ်တေရတိသည် သခင်ဘုရား၌ သင်တို့ကိုနှုတ်ဆက်ပါ၏။
23. ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
24. [ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ အာမင်။]