ရော​မ​ဩ​ဝါ​ဒ​စာ 16:15-27 Myanmar Standard Bible (MSB)

15. ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​နှင့် ဩ​လုမ္ပ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

16. အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

17. ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ပြီး​သော​သွန်​သင်​ချက်​ကို​ဆန့်​ကျင်​၍ ကွဲ​ပြား​ခြင်း​နှင့်​မှား​ယွင်း​ခြင်း​တို့​ကို ဖြစ်​ပွား​စေ​သော​သူ​တို့​ကို​သ​တိ​ပြု​လျက် ရှောင်​ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

18. အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ကို အ​စေ​မ​ခံ​ဘဲ မိ​မိ​တို့​၏​ဝမ်း​ဗိုက်​ကို​သာ အ​စေ​ခံ​၍ ချို​သာ​သော​စ​ကား​နှင့် မြှောက်​ပင့်​သော​စ​ကား​တို့​ဖြင့် ရိုး​စင်း​သော​သူ​တို့​၏​စိတ်​နှ​လုံး​ကို လှည့်​ဖြား​တတ်​ကြ​၏။

19. သင်​တို့​၏​နာ​ခံ​မှု​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ သို့​ရာ​တွင် သင်​တို့​သည် ကောင်း​သော​အ​မှု​၌ ပ​ညာ​ရှိ​ဖြစ်​ကြ​ပြီး မ​ကောင်း​သော​အ​မှု​၌ အ​ပြစ်​ကင်း​စင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အ​လို​ရှိ​၏။

20. ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​အ​တွင်း စာ​တန်​ကို သင်​တို့​၏​ခြေ​အောက်​၌ ကြေ​မွ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

21. ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​တိ​မော​သေ၊ ငါ့​အ​မျိုး​သား​ချင်း လု​ကိ၊ ယာ​သုန်​နှင့် သော​သိ​ပါ​တ​ရု​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

22. ဤ​စာ​ကို​ရေး​ပေး​သူ အ​ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​နှုတ်​ဆက်​ပါ​၏။

23. ငါ​မှ​စ​၍ အ​သင်း​တော်​တစ်​ခု​လုံး​ကို​လက်​ခံ​သော​အိမ်​ရှင်​ဂါ​ယု​သည် သင်​တို့​ကို​နှုတ်​ဆက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧ​ရတ္တု​နှင့် ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

24. [ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။ အာ​မင်။]

25-26. ငါ​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ယေ​ရှု​ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ရှေး​ကာ​လ​ပတ်​လုံး ဝှက်​ထား​ခြင်း​ခံ​ရ​သော်​လည်း ယ​ခု​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​တိုင်း ပ​ရော​ဖက်​ကျမ်း​များ​၌​ထင်​ရှား​ပြီး ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​နာ​ခံ​မှု​ရှိ​စေ​ရန် လူ​မျိုး​အ​ပေါင်း​တို့​အား​သိ​စေ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​ခြင်း​အား​ဖြင့်​လည်း​ကောင်း သင်​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​နိုင်​သော​အ​ရှင်

27. ပ​ညာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့် တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​၌ ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

ရော​မ​ဩ​ဝါ​ဒ​စာ 16