8. တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့်
9. လူမျိုးခြားတို့သည်လည်း ကရုဏာတော်ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်ဖြစ်၏။ ဤသည်ကား ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အထဲတွင် ကိုယ်တော်ကိုထောမနာပြု၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်”ဟု ရေးထားသည့်အတိုင်းဖြစ်၏။
10. တစ်ဖန် “လူမျိုးခြားတို့၊ ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ကြလော့”ဟု ဆိုထား၏။
11. ထို့နောက် တစ်ဖန် “လူမျိုးခြားအပေါင်းတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူမျိုးအပေါင်းတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့”ဟု ဆိုထား၏။
12. တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
13. သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။