ရော​မ​ဩ​ဝါ​ဒ​စာ 15:5-6-12 Myanmar Standard Bible (MSB)

7. ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အ​တွက် သင်​တို့​ကို​လက်​ခံ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း တစ်​ဦး​ကို​တစ်​ဦး​လက်​ခံ​ကြ​လော့။

8. တစ်​ဖန် ငါ​ဆို​သည်​ကား ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​ကို​ထင်​ရှား​စေ​ရန် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​စေ​ခံ​ဖြစ်​တော်​မူ​၏။ ထို​သို့​ဖြစ်​တော်​မူ​ခြင်း​မှာ ရှေး​ဘိုး​ဘေး​တို့​အား ပေး​ထား​သော​က​တိ​တော်​တို့​ကို တည်​မြဲ​စေ​ရန်​နှင့်

9. လူ​မျိုး​ခြား​တို့​သည်​လည်း က​ရု​ဏာ​တော်​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​ဖြစ်​၏။ ဤ​သည်​ကား ကျမ်း​စာ​၌ “ထို့​ကြောင့် အ​ကျွန်ုပ်​သည် လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​၍ ကိုယ်​တော်​၏​နာ​မ​တော်​ကို ချီး​မွမ်း​သီ​ဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 15