ရော​မ​ဩ​ဝါ​ဒ​စာ 15:18-23 Myanmar Standard Bible (MSB)

18. အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​နာ​ခံ​မှု​ရှိ​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​အ​သုံး​ပြု​၍ တ​ရား​စ​ကား​နှင့်​လုပ်​ဆောင်​မှု​အား​ဖြင့်​လည်း​ကောင်း၊

19. နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​၏​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​မှ​အ​ပ ငါ​သည် မည်​သည့်​အ​ရာ​ကို​မျှ အ​ရဲ​စွန့်​၍​မ​ပြော​လို​ပေ။ ဤ​သို့​ဖြင့် ငါ​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​သွား​ကာ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို စုံ​လင်​စွာ​ဟော​ပြော​ခဲ့​၏။

20. ထို​သို့​ဟော​ပြော​ရာ​၌ ငါ​သည် သူ​တစ်​ပါး​၏​အုတ်​မြစ်​ပေါ်​တွင် တည်​ဆောက်​ခြင်း​မ​ပြု​မည့်​အ​ကြောင်း ခ​ရစ်​တော်​၏​နာ​မ​ကို ကြား​သိ​ခြင်း​မ​ရှိ​သေး​သော​အ​ရပ်​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရန် ရည်​မှန်း​ကြိုး​စား​လာ​ခဲ့​၏။

21. ဤ​သည်​ကား “ကိုယ်​တော်​၏​အ​ကြောင်း​ကို​ဖော်​ပြ​ခြင်း​မ​ခံ​ရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌ ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

22. ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံ​သို့​မ​လာ​ရန် အ​ဖန်​ဖန်​တား​ဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်​လည်း

23. ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

ရော​မ​ဩ​ဝါ​ဒ​စာ 15