6. နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။
7. ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။
8. အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။
9. အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏။
10. သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
11. အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။