ရော​မ​ဩ​ဝါ​ဒ​စာ 12:5-18 Myanmar Standard Bible (MSB)

5. အ​ရေ​အ​တွက်​အား​ဖြင့် များ​စွာ​ရှိ​ကြ​သော​ငါ​တို့​သည်​လည်း ခ​ရစ်​တော်​၌ ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​ကြ​ပြီး အ​သီး​သီး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​အ​ချင်း​ချင်း​ဖြစ်​ကြ​ကာ

6. ငါ​တို့​၌​ပေး​အပ်​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း အ​ထူး​ထူး​အ​ပြား​ပြား​သော​ဆု​ကျေး​ဇူး​များ​ကို ရ​ရှိ​ကြ​၏။ သို့​ဖြစ်​၍ ထို​ဆု​ကျေး​ဇူး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ဖြစ်​လျှင် ယုံ​ကြည်​ခြင်း​၏​ပ​မာ​ဏ​အ​တိုင်း ပ​ရော​ဖက်​ပြု​ဟော​ပြော​စေ။

7. အ​မှု​တော်​ဆောင်​ဖြစ်​လျှင် အ​မှု​တော်​ကို​ဆောင်​ရွက်​စေ။ သွန်​သင်​သော​သူ​ဖြစ်​လျှင် သွန်​သင်​ခြင်း​ကို​ပြု​စေ။

8. တိုက်​တွန်း​နှိုး​ဆော်​သူ​ဖြစ်​လျှင် တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ကို​ပြု​စေ။ ပေး​ကမ်း​ဝေ​မျှ​သော​သူ​သည် ရက်​ရော​စွာ​ပေး​ကမ်း​ဝေ​မျှ​စေ။ စီ​မံ​အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝီ​ရိ​ယ​ဖြင့်​စီ​မံ​အုပ်​ချုပ်​စေ။ မ​စ​သ​နား​ခြင်း​အ​မှု​ကို​ပြု​သော​သူ​သည် ကြည်​ဖြူ​သော​စိတ်​နှင့်​ပြု​စေ။

9. ချစ်​ခြင်း​မေတ္တာ​သည် ဟန်​ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မ​ကောင်း​သော​အ​ရာ​ကို​ရွံ​မုန်း​၍ ကောင်း​သော​အ​ရာ​ကို​တွယ်​တာ​ကြ​လော့။

10. ညီ​အစ်​ကို​ချင်း​ချစ်​သော​မေတ္တာ​အား​ဖြင့် အ​ချင်း​ချင်း​ချစ်​ခင်​ကြင်​နာ​ကြ​၍ ရို​သေ​သ​မှု​ပြု​ခြင်း​၌ သူ​တစ်​ပါး​သည် မိ​မိ​ထက်​သာ​လွန်​သည်​ဟု မှတ်​ယူ​ကြ​လော့။

11. လုံ့​လ​ဝီ​ရိ​ယ​စိုက်​ထုတ်​ရာ​တွင် ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ ဝိ​ညာဉ်​ရေး​၌​ထက်​သန်​လျက် သ​ခင်​ဘု​ရား​ကို​အ​စေ​ခံ​ကြ​လော့။

12. မျှော်​လင့်​ခြင်း​၌​ဝမ်း​မြောက်​လျက် ဆင်း​ရဲ​ဒုက္ခ​ကို​သည်း​ခံ​ကာ ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​လော့။

13. သန့်​ရှင်း​သူ​တို့​၏​လို​အပ်​ချက်​များ​ကို ပါ​ဝင်​ဖြည့်​ဆည်း​လျက် ဧည့်​ဝတ်​ကို ကြိုး​စား​ပြု​ကြ​လော့။

14. သင်​တို့​အား​ညှဉ်း​ဆဲ​သော​သူ​တို့​ကို ကောင်း​ချီး​ပေး​ကြ​လော့။ ကောင်း​ချီး​ကို​သာ​ပေး​၍ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။

15. ဝမ်း​မြောက်​သော​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​၍ ငို​ကြွေး​သော​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ​လော့။

16. အ​ချင်း​ချင်း​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​လော့။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ အ​ခြေ​အ​နေ​နိမ့်​ပါး​သော​သူ​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​သ​တိ​ရှိ​သော​သူ​ဟူ​၍ မ​ထင်​မှတ်​ကြ​နှင့်။

17. မည်​သူ့​ကို​မျှ အ​ဆိုး​ကို အ​ဆိုး​ဖြင့် မ​တုံ့​ပြန်​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​၌ တင့်​တယ်​လျောက်​ပတ်​သော​အ​မှု​ကို ပြု​မူ​ကျင့်​ကြံ​ကြ​လော့။

18. သင်​တို့​ဘက်​မှ တတ်​နိုင်​သ​မျှ လူ​အ​ပေါင်း​တို့​နှင့် သင့်​မြတ်​စွာ​နေ​ကြ​လော့။

ရော​မ​ဩ​ဝါ​ဒ​စာ 12