ရော​မ​ဩ​ဝါ​ဒ​စာ 10:20-21 Myanmar Standard Bible (MSB)

20. ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရှိ​ကြ​၏။ ငါ့​အ​ကြောင်း​ကို​မ​မေး​မြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်​ရှား​ပြ​၏”​ဟု ရဲ​ရင့်​စွာ​ဆို​ထား​၏။

21. အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍​မူ​ကား “နာ​ခံ​ခြင်း​မ​ရှိ၊ ဆန့်​ကျင်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ထံ​သို့ တစ်​နေ့​လုံး ငါ့​လက်​ကို ကမ်း​လျက်​နေ​ခဲ့​၏”​ဟု ဆို​၏။

ရော​မ​ဩ​ဝါ​ဒ​စာ 10