14. သို့ရာတွင် မိမိမယုံကြည်သောအရှင်ထံ မည်သို့ပတ္ထနာပြုနိုင်မည်နည်း။ မိမိမကြားဖူးသောအရှင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း။
15. စေလွှတ်ခြင်းမခံရလျှင် မည်သို့ဟောပြောနိုင်မည်နည်း။ “ကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောသောသူများ၏ခြေတို့သည် အလွန်တင့်တယ်စွတကား”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
16. သို့သော် ဤကောင်းမြတ်သောသတင်းကို သူတို့အားလုံးနာခံကြသည်မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း”ဟု ဆိုထား၏။