4. မြေကြီးပေါ်ရှိမြက်ပင်များနှင့် မည်သည့်စိမ်းလန်းသောအရာ သို့မဟုတ် မည်သည့်သစ်ပင်ကိုမျှ ဘေးမသင့်စေဘဲ နဖူးပေါ်တွင် ဘုရားသခင်၏တံဆိပ်တော်မရှိသောသူတို့ကိုသာ ဘေးသင့်စေရန် သူတို့အားမှာထား၏။
5. ထို့ပြင် လူတို့ကိုအသေမသတ်ဘဲ ငါးလပတ်လုံးညှဉ်းဆဲသောအခွင့်ကိုပေးထား၏။ လူတို့ခံရသည့်ဝေဒနာသည် လူကို ကင်းမြီးကောက်ထိုးသောအခါ ခံရသည့်ဝေဒနာမျိုးနှင့်တူ၏။
6. ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
7. ထိုကျိုင်းကောင်တို့၏သဏ္ဌာန်သည် စစ်ပွဲအတွက်ပြင်ဆင်ထားသော စစ်မြင်းနှင့်တူ၏။ သူတို့၏ဦးခေါင်းပေါ်၌ ရွှေသရဖူကဲ့သို့သောအရာရှိ၍ သူတို့၏မျက်နှာသည် လူမျက်နှာနှင့်တူ၏။
8. သူတို့၌ မိန်းမဆံပင်နှင့်တူသောဆံပင်ရှိ၍ သူတို့၏သွားသည် ခြင်္သေ့သွားကဲ့သို့ဖြစ်၏။
9. သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။