ဗျာ​ဒိတ်​ကျမ်း 8:5-12 Myanmar Standard Bible (MSB)

5. ထို့​နောက် ထို​ကောင်း​ကင်​တ​မန်​သည် နံ့​သာ​ပူ​ဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်​ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီး​လျှင် မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​လိုက်​ရာ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း၊ မိုး​ချုန်း​ခြင်း​နှင့် င​လျင်​လှုပ်​ခြင်း​များ ဖြစ်​ပေါ်​လေ​၏။

6. ထို​အ​ခါ တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​ရန် ပြင်​ဆင်​ကြ​၏။

7. ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ သွေး​နှင့်​ရော​နှော​သော မိုး​သီး​နှင့်​မီး​တို့​ဖြစ်​ပေါ်​လာ​၍ မြေ​ကြီး​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ​သည် လောင်​ကျွမ်း​၍ သစ်​ပင်​များ​၏​သုံး​ပုံ​တစ်​ပုံ​နှင့် စိမ်း​လန်း​သော​မြက်​ပင်​ရှိ​သ​မျှ​တို့​သည်​လည်း လောင်​ကျွမ်း​သွား​၏။

8. ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ မီး​တောက်​လောင်​နေ​သည့် ကြီး​မား​သော​တောင်​ကဲ့​သို့​သော​အ​ရာ​သည် ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​၏။ ထို​အ​ခါ ပင်​လယ်​သုံး​ပုံ​တစ်​ပုံ​သည် သွေး​ဖြစ်​သွား​သ​ဖြင့်

9. ပင်​လယ်​၌​ရှိ​သော သက်​ရှိ​သတ္တ​ဝါ​သုံး​ပုံ​တစ်​ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံး​ပုံ​တစ်​ပုံ​သည်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​ကြ​၏။

10. တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ မီး​ရှူး​သ​ဖွယ်​တောက်​လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်း​ကင်​မှ​ကြွေ​ကျ​၍ မြစ်​များ​၏​သုံး​ပုံ​တစ်​ပုံ​အ​ပေါ်​နှင့် စမ်း​ရေ​တွင်း​များ​အ​ပေါ်​သို့ ကျ​လေ​၏။

11. ထို​ကြယ်​၏​အ​မည်​ကား ဒေါ​န​ဟူ​၍​ဖြစ်​ပြီး ရေ​၏​သုံး​ပုံ​တစ်​ပုံ​သည် ဒေါ​န​ကဲ့​သို့​ခါး​သွား​၏။ ရေ​ခါး​သ​ဖြင့် ထို​ရေ​ကြောင့် များ​စွာ​သော​လူ​တို့​သည် သေ​ကြ​၏။

12. စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ​တစ်​ပုံ၊ ကြယ်​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့​သည် ထိ​ပါး​တိုက်​ခိုက်​ခြင်း​ခံ​ရ​သ​ဖြင့် ၎င်း​တို့​၏​သုံး​ပုံ​တစ်​ပုံ​သည် မှောင်​မည်း​သွား​လေ​၏။ နေ့​၏​သုံး​ပုံ​တစ်​ပုံ​သည်​လည်း အ​လင်း​ရောင်​ကွယ်​ပျောက်​လျက် ည​သည်​လည်း ထို​နည်း​တူ​ဖြစ်​၏။

ဗျာ​ဒိတ်​ကျမ်း 8