7. ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
8. ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။
9. ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
10. သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
11. ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးများနှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ
12. “အာမင်။ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည် ငါတို့ဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော။ အာမင်”ဟု မြွက်ဆိုကြ၏။