ဗျာ​ဒိတ်​ကျမ်း 7:15-17 Myanmar Standard Bible (MSB)

15. ထို့​ကြောင့် သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်​တော်​၏​ဗိ​မာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်​တော်​ကို​ဝတ်​ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​သည်​လည်း သူ​တို့​နှင့်​အ​တူ​စံ​မြန်း​တော်​မူ​လိမ့်​မည်။

16. သူ​တို့​သည် နောက်​တစ်​ဖန် ဆာ​လောင်​ခြင်း၊ ရေ​ငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ သို့​မ​ဟုတ် အ​ခြား​မည်​သည့်​အ​ပူ​ရှိန်​မျှ သူ​တို့​အ​ပေါ်​ကျ​ရောက်​မည်​မ​ဟုတ်။

17. အ​ကြောင်း​မူ​ကား ပလ္လင်​တော်​အ​လယ်​တွင်​ရှိ​သော​သိုး​သ​ငယ်​တော်​သည် သူ​တို့​ကို​အုပ်​ထိန်း​၍ အ​သက်​ရေ​ထွက်​ရာ​စမ်း​ရေ​တွင်း​သို့ သူ​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​၏​မျက်​စိ​မှ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​ပေး​တော်​မူ​လိမ့်​မည်”​ဟု ဆို​၏။

ဗျာ​ဒိတ်​ကျမ်း 7