ဗျာ​ဒိတ်​ကျမ်း 6:2-6 Myanmar Standard Bible (MSB)

2. ထို​အ​ခါ ငါ​ကြည့်​လိုက်​ရာ မြင်း​ဖြူ​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​၌ လေး​တစ်​လက်​ပါ​၏။ သူ​သည် သ​ရ​ဖူ​တစ်​ခု​ကို​ရ​ရှိ​ပြီး အောင်​မြင်​ခြင်း​အ​ပေါ်​၌ ဆက်​၍​အောင်​မြင်​ရန် ထွက်​ခွာ​သွား​၏။

3. သိုး​သ​ငယ်​တော်​သည် ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ ဒု​တိ​ယ​သတ္တ​ဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

4. ထို​အ​ခါ နီ​ရဲ​သော​အ​ခြား​မြင်း​တစ်​ကောင်​ထွက်​လာ​၏။ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​သည် လူ​တို့​အား အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​စေ​ရန် မြေ​ကြီး​ပေါ်​မှ ငြိမ်း​ချမ်း​မှု​ကို​ရုပ်​သိမ်း​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​၏။ ကြီး​မား​သော​ဓား​တစ်​လက်​ကို​လည်း သူ့​အား​ပေး​လေ​၏။

5. သိုး​သ​ငယ်​တော်​သည် တ​တိ​ယ​တံ​ဆိပ်​ကို​ဖွင့်​သော​အ​ခါ တ​တိ​ယ​သတ္တ​ဝါ​က “လာ​လော့”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ထို​အ​ခါ ငါ​ကြည့်​လိုက်​ရာ မြင်း​နက်​တစ်​ကောင်​ရှိ​၍ ထို​မြင်း​ပေါ်​တွင်​စီး​သော​သူ​သည် မိ​မိ​လက်​၌ ချိန်​ခွင်​ကို ကိုင်​ထား​၏။

6. ထို့​နောက် သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ​သော စ​ကား​သံ​နှင့်​တူ​သည့်​အ​သံ​က “ဂျုံ​ဆန်​တစ်​ခွက်​လျှင် ဒေ​နာ​ရိ​တစ်​ပြား၊ မု​ယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေ​နာ​ရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စ​ပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

ဗျာ​ဒိတ်​ကျမ်း 6