ဗျာ​ဒိတ်​ကျမ်း 5:1-4 Myanmar Standard Bible (MSB)

1. ထို့​နောက် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​တော်​မူ​သော​အ​ရှင်​၏​လက်​ယာ​လက်​၌ အ​တွင်း​အ​ပြင်​နှစ်​ဖက်​စ​လုံး​တွင် စာ​များ​ရေး​ထား​ပြီး တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ်​ထား​သော စာ​လိပ်​တစ်​လိပ်​ရှိ​သည်​ကို ငါ​မြင်​ရ​၏။

2. ထို​အ​ခါ ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​က “မည်​သူ​သည် စာ​လိပ်​ကို​ဖွင့်​၍ ၎င်း​၏​တံ​ဆိပ်​များ​ကို​ခွာ​ထိုက်​သ​နည်း”​ဟု ကျယ်​လောင်​သော​အ​သံ​နှင့် ကြွေး​ကြော်​နေ​သည်​ကို ငါ​မြင်​ရ​၏။

3. သို့​သော် ကောင်း​ကင်​၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ မြေ​ကြီး​အောက်​၌​ဖြစ်​စေ စာ​လိပ်​ကို​ဖွင့်​ရန် သို့​မ​ဟုတ် ကြည့်​ရန် တတ်​နိုင်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

4. ထို​စာ​လိပ်​ကို​ဖွင့်​ရန် သို့​မ​ဟုတ် ကြည့်​ရန် ထိုက်​တန်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​တွေ့​ရ​သော​ကြောင့် ငါ​သည် သည်း​ထန်​စွာ​ငို​ကြွေး​၏။

ဗျာ​ဒိတ်​ကျမ်း 5