24. လူမျိုးတကာတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည်လည်း မိမိတို့၏ဘုန်းအသရေကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
25. ထိုနေရာ၌ ညမရှိသောကြောင့် မြို့တံခါးများကို မည်သည့်နေ့ရက်တွင်မျှ ပိတ်ထားခြင်းမရှိ။
26. လူတို့သည် လူမျိုးတကာတို့၏ဘုန်းအသရေနှင့် ဂုဏ်သရေတို့ကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
27. မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ကြရလိမ့်မည်။