ဗျာ​ဒိတ်​ကျမ်း 20:13-15 Myanmar Standard Bible (MSB)

13. ပင်​လယ်​သည် မိ​မိ​၌​ရှိ​သည့်​လူ​သေ​တို့​ကို ပေး​အပ်​လေ​၏။ သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​သည်​လည်း မိ​မိ​၌​ရှိ​သည့်​လူ​သေ​တို့​ကို ပေး​အပ်​ကြ​၏။ ထို​အ​ခါ လူ​အ​သီး​သီး​တို့​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။

14. ထို့​နောက် သေ​ခြင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​တို့​သည် မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။ ဤ​မီး​အိုင်​သည် ဒု​တိ​ယ​သေ​ခြင်း​ဖြစ်​၏။

15. အ​သက်​စာ​စောင်​၌ စာ​ရင်း​မ​ဝင်​သော​သူ​ရှိ​သ​မျှ​တို့​သည်​လည်း မီး​အိုင်​ထဲ​သို့ ပစ်​ချ​ခြင်း​ခံ​ရ​ကြ​၏။

ဗျာ​ဒိတ်​ကျမ်း 20