24. သို့သော် ထိုမိန်းမ၏အယူဝါဒကိုမခံယူ၊ စာတန်၏နက်နဲသောအရာဟု သူတို့ခေါ်ဝေါ်သောအရာများကိုမသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ဝန်ပိုးကို ငါမတင်။
25. သင်တို့၌ရှိသောအရာကိုသာ ငါကြွလာသည့်တိုင်အောင် စွဲကိုင်ထားကြလော့။
26. အောင်မြင်သောသူနှင့် ငါ၏အမှုကို အဆုံးတိုင်အောင်စောင့်ထိန်းသောသူအား လူမျိုးတကာတို့ကိုအုပ်စိုးရသောအခွင့်ကို ငါပေးသဖြင့်
27. သူသည် မြေအိုးများကိုကြေမွစေသကဲ့သို့ သံလှံတံဖြင့် သူတို့ကိုအုပ်ထိန်းလိမ့်မည်။ ဤသည်ကား ငါကိုယ်တိုင် ငါ့ခမည်းတော်ထံမှရရှိသောအုပ်စိုးခွင့်နှင့်တူ၏။
28. ငါသည် မိုးသောက်ကြယ်ကိုလည်း ထိုသူအား ပေးမည်။
29. ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။