ဗျာ​ဒိတ်​ကျမ်း 18:6-12 Myanmar Standard Bible (MSB)

6. သူ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အ​မှု​များ​အ​ပေါ် နှစ်​ဆ​တိုး​၍​တုံ့​ပြန်​ကြ​လော့။ သူ​ရော​စပ်​ခဲ့​သော​ခွက်​၌ သူ့​အ​တွက်​နှစ်​ဆ​ရော​စပ်​ပေး​ကြ​လော့။

7. သူ​သည် မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍ စည်း​စိမ်​ခံ​စား​ခဲ့​သည်​နှင့်​အ​မျှ သူ့​အား ညှဉ်း​ဆဲ​ခြင်း​နှင့်​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​က ‘ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ မ​ဟုတ်။ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို​လည်း မည်​သည့်​အ​ခါ​မျှ ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်’​ဟု မိ​မိ​စိတ်​ထဲ​၌​ဆို​သော​ကြောင့်​ဖြစ်​၏။

8. ထို့​ကြောင့် သူ​ခံ​ရ​မည့်​ဘေး​ဒဏ်​များ​ဖြစ်​သော သေ​ခြင်း၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​နှင့် ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​တို့​သည် တစ်​ရက်​အ​တွင်း သူ့​အ​ပေါ်​ကျ​ရောက်​ပြီး သူ​သည် မီး​ဖြင့်​လောင်​ကျွမ်း​ခြင်း​ခံ​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ့​ကို​စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ခွန်​အား​နှင့်​ပြည့်​စုံ​တော်​မူ​၏။

9. သူ​နှင့်​အ​တူ​တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ကြ​ပြီး စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို​လောင်​ကျွမ်း​သည့်​မီး​ခိုး​ကို မြင်​ကြ​သော​အ​ခါ သူ့​အ​တွက် ရင်​ဘတ်​စည်​တီး​လျက်​ငို​ကြွေး​ကြ​လိမ့်​မည်။

10. ထို​သူ​တို့​သည် သူ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​ခြင်း​ကို​ကြောက်​ကြ​သ​ဖြင့် အ​ဝေး​မှ​ရပ်​လျက် ‘ကြီး​မား​သော​မြို့၊ အား​ကြီး​သော​ဘေ​ဘီ​လုံ​မြို့၊ သင်​သည် စိတ်​မ​ချမ်း​မြေ့​ဖွယ်၊ စိတ်​မ​ချမ်း​မြေ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​ခံ​ရ​သည့်​တ​ရား​စီ​ရင်​ခြင်း​သည် တို​တောင်း​သော​အ​ချိန်​တစ်​ခု​အ​တွင်း​၌ ကျ​ရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်​မည်။

11. ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ ကုန်​သည်​များ​သည်​လည်း သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကို ဝယ်​ယူ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​တော့​သ​ဖြင့် သူ့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​လိမ့်​မည်။

12. သူ​တို့​၏​ကုန်​ပစ္စည်း​များ​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော၊ ခ​ရမ်း​ရောင်​အ​ထည်၊ ပိုး​ထည်၊ နီ​မြန်း​သော​အ​ထည်၊ သစ်​မွှေး​အ​မျိုး​မျိုး၊ ဆင်​စွယ်​ပစ္စည်း​အ​မျိုး​မျိုး၊ အ​ဖိုး​တန်​သော​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့​ဖြင့် ပြု​လုပ်​သော​ပစ္စည်း​အ​မျိုး​မျိုး၊

ဗျာ​ဒိတ်​ကျမ်း 18