ဗျာ​ဒိတ်​ကျမ်း 13:1-4 Myanmar Standard Bible (MSB)

1. ထို့​နောက် ဦး​ချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခု​နစ်​လုံး​ရှိ​သော​သား​ရဲ​တစ်​ကောင်​သည် ပင်​လယ်​ထဲ​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦး​ချို​များ​ပေါ်​တွင် သ​ရ​ဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်​တွင် ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​အ​မည်​နာ​မ​များ​ရှိ​၏။

2. ငါ​မြင်​ရ​သော​ထို​သား​ရဲ​သည် ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ခြေ​သည် ဝက်​ဝံ​ခြေ​ကဲ့​သို့​ဖြစ်​ပြီး သူ​၏​ပါး​စပ်​သည် ခြင်္သေ့​ပါး​စပ်​ကဲ့​သို့​ဖြစ်​၏။ န​ဂါး​သည် မိ​မိ​၏​တန်​ခိုး၊ မိ​မိ​၏​ပလ္လင်​နှင့် ကြီး​မား​သော​အ​ခွင့်​အာ​ဏာ​ကို သူ့​အား​ပေး​အပ်​လေ​၏။

3. ထို​သား​ရဲ​၏​ခေါင်း​တစ်​လုံး​သည် သေ​အောင်​သတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး​သ​ကဲ့​သို့​ဖြစ်​သော်​လည်း ထို​သေ​စေ​သော​ဒဏ်​ရာ​သည် ပျောက်​ကင်း​သွား​လေ​၏။ ထို​အ​ခါ တစ်​ကမ္ဘာ​လုံး​သည်​အံ့​ဩ​လျက် ထို​သား​ရဲ​နောက်​သို့​လိုက်​ကြ​၏။

4. ထို့​ပြင် န​ဂါး​သည် သား​ရဲ​အား အ​ခွင့်​အာ​ဏာ​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည် န​ဂါး​ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​က “မည်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ မည်​သူ​သည် သူ့​ကို တိုက်​ခိုက်​နိုင်​သ​နည်း”​ဟု ဆို​လျက် သား​ရဲ​ကို​လည်း​ကိုး​ကွယ်​ကြ​၏။

ဗျာ​ဒိတ်​ကျမ်း 13