ဗျာ​ဒိတ်​ကျမ်း 11:1-7 Myanmar Standard Bible (MSB)

1. ထို့​နောက် တောင်​ဝှေး​နှင့်​တူ​သော တိုင်း​တာ​စ​ရာ​ကျူ​ရိုး​တစ်​ချောင်း​ကို ငါ့​အား​ပေး​ပြီး​လျှင် “ထ​၍ ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​တို့​ကို​တိုင်း​တာ​ပြီး ထို​နေ​ရာ​၌ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော​သူ​တို့​ကို ရေ​တွက်​လော့။

2. သို့​သော် ဗိ​မာန်​တော်​၏​အ​ပြင်​ဘက်​၌​ရှိ​သည့်​တံ​တိုင်း​သည် လူ​မျိုး​ခြား​တို့​အား​ပေး​ထား​သည်​ဖြစ်​၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်​ထား​လော့။ ထို​သူ​တို့​သည် သန့်​ရှင်း​သော​မြို့​တော်​ကို လေး​ဆယ့်​နှစ်​လ​တိုင်​တိုင် နင်း​ခြေ​ကြ​လိမ့်​မည်။

3. ထို​အ​ခါ ငါ​သည် ငါ​၏​သက်​သေ​နှစ်​ပါး​တို့​အား အ​ခွင့်​ပေး​သ​ဖြင့် သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ခြောက်​ဆယ်​တိုင်​တိုင် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​လိမ့်​မည်”​ဟု ဆို​၏။

4. ဤ​သူ​တို့​သည် ကမ္ဘာ​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ရှေ့​တော်​၌​ရှိ​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် ဆီ​မီး​ခုံ​နှစ်​ခု​ဖြစ်​ကြ​၏။

5. တစ်​စုံ​တစ်​ယောက်​သည် သူ​တို့​ကို​အန္တ​ရာယ်​ပြု​လို​ပါ​က သူ​တို့​၏​ခံ​တွင်း​ထဲ​မှ မီး​ထွက်​လာ​၍ သူ​တို့​၏​ရန်​သူ​များ​ကို လောင်​ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်​စုံ​တစ်​ယောက်​သည် သူ​တို့​ကို​အန္တ​ရာယ်​ပြု​လို​ပါ​က ထို​သူ​သည် ထို​နည်း​အ​တိုင်း​အ​သေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။

6. သူ​တို့​ပ​ရော​ဖက်​ပြု​ဟော​ပြော​သည့်​နေ့​ရက်​များ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် ကောင်း​ကင်​ကို ပိတ်​ထား​နိုင်​သည့်​အ​ခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​နိုင်​သော​အ​ခွင့်​မှ​စ​၍ သူ​တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း ကမ္ဘာ​မြေ​ကြီး​ကို ဘေး​ဒဏ်​အ​မျိုး​မျိုး​ဖြင့် ဒဏ်​ခတ်​နိုင်​သော​အ​ခွင့်​များ​ရှိ​ကြ​၏။

7. သူ​တို့​သက်​သေ​ခံ​ပြီး​သော​အ​ခါ အ​တိုင်း​မ​သိ​နက်​ရှိုင်း​ရာ​ထဲ​မှ တက်​လာ​သော​သား​ရဲ​သည် သူ​တို့​နှင့်​စစ်​တိုက်​၍ အောင်​မြင်​ပြီး သူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။

ဗျာ​ဒိတ်​ကျမ်း 11