ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4:6-14 Myanmar Standard Bible (MSB)

6. မည်​သည့်​အ​မှု​ကို​မျှ မ​စိုး​ရိမ်​ဘဲ အ​ရာ​ရာ​၌ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ခြင်း​နှင့်​အ​သ​နား​ခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်း​ခံ​လို​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​အား သိ​စေ​ကြ​လော့။

7. ထို​အ​ခါ လူ​တို့​၏​နား​လည်​နိုင်​စွမ်း​ရှိ​သ​မျှ​တို့​ထက် ထူး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက်​ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​နှင့် သင်​တို့​၏​တွေး​တော​ကြံ​စည်​မှု​များ​ကို စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

8. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ မှန်​ကန်​သော​အ​ရာ​ရှိ​သ​မျှ၊ ဂုဏ်​သ​ရေ​ရှိ​သော​အ​ရာ​ရှိ​သ​မျှ၊ ဖြောင့်​မတ်​သော​အ​ရာ​ရှိ​သ​မျှ၊ ဖြူ​စင်​သန့်​ရှင်း​သော​အ​ရာ​ရှိ​သ​မျှ၊ နှစ်​သက်​ဖွယ်​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​နှင့် ဂုဏ်​သ​တင်း​ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​၌ ကောင်း​မြတ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု သို့​မ​ဟုတ် ချီး​မွမ်း​ထိုက်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​လျှင် ထို​အ​ရာ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။

9. ငါ့​ထံ​မှ သင်​တို့​သင်​ကြား​ခံ​ယူ​လျက် ကြား​နာ​သိ​မြင်​ခဲ့​သော​အ​ရာ​တို့​ကို ပြု​ကျင့်​ကြ​လော့။ သို့​ပြု​လျှင် ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

10. ငါ့​အ​တွက် အ​လေး​ထား​စဉ်း​စား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယ​ခု​တစ်​ကြိမ် ပြန်​လည်​ဖြစ်​ပေါ်​လာ​သော​ကြောင့် ငါ​သည် သ​ခင်​ဘု​ရား​၌ အ​လွန်​ဝမ်း​မြောက်​၏။ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ့​အ​တွက် အ​လေး​ထား​စဉ်း​စား​ပေး​သော်​လည်း အ​ခွင့်​မ​ရ​ခဲ့​ကြ။

11. ငါ​သည် ဆင်း​ရဲ​ချို့​တဲ့​သော​ကြောင့် ဤ​သို့​ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား မည်​သည့်​အ​ခြေ​အ​နေ​၌​မ​ဆို ကျေ​နပ်​ရောင့်​ရဲ​တတ်​ရန် ငါ​သည် သင်​ယူ​ခဲ့​ပြီ။

12. နှိမ့်​ချ​ခံ​ရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်​ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝ​ပြော​သည်​ဖြစ်​စေ၊ ဆာ​လောင်​သည်​ဖြစ်​စေ၊ ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်​စေ၊ ဆင်း​ရဲ​နွမ်း​ပါး​သည်​ဖြစ်​စေ အ​ခြေ​အ​နေ​တိုင်း​နှင့်​အ​ရာ​ရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့​ဝှက်​ချက်​ကို ငါ​သင်​ယူ​ခဲ့​ပြီ။

13. ငါ့​ကို​ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်​၏။

14. မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​သည် ငါ​၏​ဆင်း​ရဲ​ဒုက္ခ​ကို မျှ​ဝေ​ခံ​စား​ရာ​၌ လျောက်​ပတ်​စွာ​ပြု​ကြ​ပြီ။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4