ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4:18-23 Myanmar Standard Bible (MSB)

18. ငါ​သည် အ​ရာ​အား​လုံး​ကို​ရ​ရှိ​၍ ကြွယ်​ဝ​လျက်​ရှိ​၏။ သင်​တို့​ပေး​ပို့​သည့်​အ​ရာ​များ​ကို ဧ​ပ​ဖြော​ဒိတ်​ထံ​မှ ငါ​လက်​ခံ​ရ​ရှိ​၍ ပြည့်​စုံ​လျက်​ရှိ​ပြီ။ ထို​အ​ရာ​တို့​သည် မွှေး​ကြိုင်​သည့်​ရ​နံ့၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော လက်​ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

19. ငါ​၏​ဘု​ရား​သ​ခင်​သည်​လည်း ဘုန်း​အ​သ​ရေ​တော်​၌​ရှိ​သော မိ​မိ​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ သင်​တို့​၏​လို​အပ်​ချက်​ရှိ​သ​မျှ​ကို ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

20. ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

21. ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ ငါ​နှင့်​အ​တူ​ရှိ​သော​ညီ​အစ်​ကို​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

22. သန့်​ရှင်း​သူ​အား​လုံး အ​ထူး​သ​ဖြင့် ဆီ​ဇာ​ဧ​က​ရာဇ်​၏​နန်း​တော်​၌​ရှိ​သော​သူ​တို့​က သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

23. သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4