ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4:17-20 Myanmar Standard Bible (MSB)

17. ဤ​သို့​ဆို​သော် လက်​ဆောင်​ကို ငါ​အ​လို​ရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အ​ကျိုး​အ​မြတ်​ကို တိုး​ပွား​စေ​သော​အ​သီး​အ​ပွင့်​ကို​သာ ငါ​အ​လို​ရှိ​၏။

18. ငါ​သည် အ​ရာ​အား​လုံး​ကို​ရ​ရှိ​၍ ကြွယ်​ဝ​လျက်​ရှိ​၏။ သင်​တို့​ပေး​ပို့​သည့်​အ​ရာ​များ​ကို ဧ​ပ​ဖြော​ဒိတ်​ထံ​မှ ငါ​လက်​ခံ​ရ​ရှိ​၍ ပြည့်​စုံ​လျက်​ရှိ​ပြီ။ ထို​အ​ရာ​တို့​သည် မွှေး​ကြိုင်​သည့်​ရ​နံ့၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော လက်​ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

19. ငါ​၏​ဘု​ရား​သ​ခင်​သည်​လည်း ဘုန်း​အ​သ​ရေ​တော်​၌​ရှိ​သော မိ​မိ​၏​ကြွယ်​ဝ​မှု​နှင့်​အ​ညီ သင်​တို့​၏​လို​အပ်​ချက်​ရှိ​သ​မျှ​ကို ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

20. ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4