14. မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားရာ၌ လျောက်ပတ်စွာပြုကြပြီ။
15. ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။
16. သက်သာလောနိတ်မြို့၌ ငါရှိစဉ်ကလည်း သင်တို့သည် ငါလိုအပ်သောအရာကို တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် ပေးပို့ခဲ့ကြ၏။
17. ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။
18. ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
19. ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
20. ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။