ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4:12-18 Myanmar Standard Bible (MSB)

12. နှိမ့်​ချ​ခံ​ရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်​ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝ​ပြော​သည်​ဖြစ်​စေ၊ ဆာ​လောင်​သည်​ဖြစ်​စေ၊ ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်​စေ၊ ဆင်း​ရဲ​နွမ်း​ပါး​သည်​ဖြစ်​စေ အ​ခြေ​အ​နေ​တိုင်း​နှင့်​အ​ရာ​ရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့​ဝှက်​ချက်​ကို ငါ​သင်​ယူ​ခဲ့​ပြီ။

13. ငါ့​ကို​ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော​အ​ရှင်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်​၏။

14. မည်​သို့​ပင်​ဖြစ်​စေ သင်​တို့​သည် ငါ​၏​ဆင်း​ရဲ​ဒုက္ခ​ကို မျှ​ဝေ​ခံ​စား​ရာ​၌ လျောက်​ပတ်​စွာ​ပြု​ကြ​ပြီ။

15. ဖိ​လိပ္ပိ​မြို့​သူ​မြို့​သား​တို့၊ ကောင်း​မြတ်​သော​သ​တင်း​ကို စ​တင်​ဟော​ပြော​ချိန်​၌ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​လာ​သော​အ​ခါ သင်​တို့​မှ​တစ်​ပါး မည်​သည့်​အ​သင်း​တော်​မျှ ပေး​လှူ​ခြင်း​နှင့်​လက်​ခံ​ခြင်း​အ​မှု​တို့​၌ ငါ​နှင့်​အ​တူ​ပါ​ဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။

16. သက်​သာ​လော​နိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လို​အပ်​သော​အ​ရာ​ကို တစ်​ကြိမ်​မ​က နှစ်​ကြိမ်​တိုင်​အောင် ပေး​ပို့​ခဲ့​ကြ​၏။

17. ဤ​သို့​ဆို​သော် လက်​ဆောင်​ကို ငါ​အ​လို​ရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အ​ကျိုး​အ​မြတ်​ကို တိုး​ပွား​စေ​သော​အ​သီး​အ​ပွင့်​ကို​သာ ငါ​အ​လို​ရှိ​၏။

18. ငါ​သည် အ​ရာ​အား​လုံး​ကို​ရ​ရှိ​၍ ကြွယ်​ဝ​လျက်​ရှိ​၏။ သင်​တို့​ပေး​ပို့​သည့်​အ​ရာ​များ​ကို ဧ​ပ​ဖြော​ဒိတ်​ထံ​မှ ငါ​လက်​ခံ​ရ​ရှိ​၍ ပြည့်​စုံ​လျက်​ရှိ​ပြီ။ ထို​အ​ရာ​တို့​သည် မွှေး​ကြိုင်​သည့်​ရ​နံ့၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော လက်​ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 4