4. ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
5. အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။
6. သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
7. သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
8. ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။