ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 1:4-11 Myanmar Standard Bible (MSB)

4. ငါ​ဆု​တောင်း​သည့်​အ​ခါ​တိုင်း သင်​တို့​အား​လုံး​အ​တွက် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆု​တောင်း​၏။

5. အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ပ​ထ​မ​ဦး​ဆုံး​နေ့​မှ​စ​၍ ယ​ခု​တိုင်​အောင် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ပူး​ပေါင်း​ပါ​ဝင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။

6. သင်​တို့​၌ ကောင်း​သော​အ​မှု​ကို​အ​စ​ပြု​ခဲ့​သော​အ​ရှင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​တိုင်​အောင် ထို​အ​မှု​ကို ပြီး​မြောက်​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ယုံ​ကြည်​စိတ်​ချ​၏။

7. သင်​တို့​အား​လုံး​နှင့်​ပတ်​သက်​၍ ဤ​ကဲ့​သို့ ငါ​သ​ဘော​ထား​သည်​မှာ သင့်​မြတ်​ပေ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​အား​လုံး​သည် ငါ​အ​ချုပ်​အ​နှောင်​ခံ​ရ​သော​အ​ရာ​၌​လည်း​ကောင်း၊ ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ဖြေ​ရှင်း​ချက်​ပေး​၍ အ​တည်​ပြု​ပြော​ဆို​ရာ​၌​လည်း​ကောင်း ငါ​နှင့်​အ​တူ ကျေး​ဇူး​တော်​ကို​မျှ​ဝေ​ခံ​စား​သူ​များ​ဖြစ်​ကြ​သ​ဖြင့် သင်​တို့​သည် ငါ​၏​စိတ်​နှ​လုံး​၌​ရှိ​ကြ​၏။

8. ငါ​သည် ခ​ရစ်​တော်​ယေ​ရှု​၏​ကြင်​နာ​ခြင်း​ဖြင့် သင်​တို့​အား​လုံး​ကို မည်​မျှ​လွမ်း​ဆွတ်​ကြောင်း ငါ့​အ​တွက်​သက်​သေ​ခံ​ပေး​သော​အ​ရှင်​မှာ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။

9. သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​သည် စစ်​မှန်​သော​အ​သိ​ပ​ညာ​နှင့် ထိုး​ထွင်း​ဉာဏ်​အ​မျိုး​မျိုး​တို့​၌ ပို​၍​ပို​၍​ပြည့်​စုံ​လာ​သ​ဖြင့်

10. မြင့်​မြတ်​သည့်​အ​ရာ​များ​ကို သင်​တို့​ပိုင်း​ခြား​သိ​ရှိ​နိုင်​မည့်​အ​ကြောင်း​နှင့် သင်​တို့​သည် ခ​ရစ်​တော်​၏​နေ့​ရက်​ကာ​လ​၌ ဖြူ​စင်​လျက် အ​ပြစ်​တင်​စ​ရာ​ကင်း​သော​သူ​ဖြစ်​ကာ

11. ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဖြောင့်​မတ်​ခြင်း​အ​သီး​အ​ပွင့်​နှင့်​ပြည့်​စုံ​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ထင်​ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​အ​ဖြစ်​သို့​ရောက်​မည့်​အ​ကြောင်း ငါ​ဆု​တောင်း​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 1