ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 1:13-24 Myanmar Standard Bible (MSB)

13. အ​ကြောင်း​မူ​ကား ငါ​အ​ချုပ်​အ​နှောင်​ခံ​ရ​ခြင်း​သည် ခ​ရစ်​တော်​အ​တွက်​ဖြစ်​ကြောင်း ဘု​ရင်​ခံ​ရုံး​တော်​တစ်​ခု​လုံး​နှင့် အ​ခြား​သော​သူ​အား​လုံး​တို့​ရှေ့​၌ ထင်​ရှား​လာ​၍

14. များ​စွာ​သော​ညီ​အစ်​ကို​တို့​သည် ငါ​အ​ချုပ်​အ​နှောင်​ခံ​ရ​ခြင်း​ကြောင့် သ​ခင်​ဘု​ရား​၌ ယုံ​ကြည်​စိတ်​ချ​လျက် ကြောက်​ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်​က​ပတ်​တ​ရား​ကို​ဟော​ပြော​ရန် ပို​မို​ရဲ​ရင့်​လာ​ကြ​၏။

15. အ​ချို့​တို့​သည် မ​လို​မုန်း​ထား​စိတ်​နှင့် ပ​ဋိ​ပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။ အ​ချို့​တို့​မူ​ကား စေ​တ​နာ​စိတ်​ဖြင့် ဟော​ပြော​ကြ​၏။

16. စေ​တ​နာ​စိတ်​ဖြင့် ဟော​ပြော​သော​သူ​တို့​သည် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ဖြေ​ရှင်း​ချက်​ပေး​သော​သူ​အ​ဖြစ် ငါ့​ကို​ခန့်​အပ်​ထား​ကြောင်း​သိ​လျက် ချစ်​ခြင်း​မေတ္တာ​ဖြင့် ဟော​ပြော​ကြ​၏။

17. အ​ခြား​သော​သူ​တို့​မူ​ကား ငါ​အ​ချုပ်​အ​နှောင်​ခံ​ရ​ခြင်း​၌ ဆင်း​ရဲ​ဒုက္ခ​ကို ပို​မို​များ​ပြား​စေ​လို​သော​အ​ကြံ​နှင့် ရိုး​သား​သော​စိတ်​အား​ဖြင့်​မ​ဟုတ်​ဘဲ တု​ပြိုင်​လို​သော​စိတ်​ဖြင့် ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။

18. သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ဟန်​ဆောင်​ပန်​ဆောင်​ဖြစ်​စေ၊ မှန်​မှန်​ကန်​ကန်​ဖြစ်​စေ မည်​သည့်​နည်း​ဖြင့်​မ​ဆို ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​သည်​ဖြစ်​၍ ၎င်း​အ​တွက် ငါ​ဝမ်း​မြောက်​၏။ ဆက်​၍​လည်း ငါ​ဝမ်း​မြောက်​ဦး​မည်။

19. အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ဆု​တောင်း​ခြင်း​များ​နှင့် ယေ​ရှု​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​ထံ​မှ​လာ​သော ကူ​ညီ​မ​စ​ခြင်း​အား​ဖြင့် ဤ​အ​ခြင်း​အ​ရာ​သည် ငါ​၏​လွတ်​မြောက်​ရာ​အ​ကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။

20. ငါ​သည် မည်​သည့်​အ​ရာ​၌​မျှ ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ ခါ​တိုင်း​ကဲ့​သို့ ယ​ခု​အ​ခါ​တွင်​လည်း ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​လျက် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ ငါ​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ခ​ရစ်​တော်​သည် ချီး​မွမ်း​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း မျှော်​လင့်​တောင့်​တ​၏။

21. အ​ကြောင်း​မူ​ကား ငါ့​အ​နေ​ဖြင့် အ​သက်​ရှင်​ခြင်း​သည် ခ​ရစ်​တော်​ဖြစ်​၏။ သေ​ခြင်း​သည်​လည်း အ​ကျိုး​ကျေး​ဇူး​ဖြစ်​၏။

22. သို့​သော် ဤ​ကိုယ်​ခန္ဓာ​၌ ဆက်​၍​အ​သက်​ရှင်​လျှင် ငါ​သည် အ​ကျိုး​ရှိ​သော​အ​မှု​ကို​လုပ်​ဆောင်​နိုင်​၏။ ထို​အ​ခါ မည်​သည့်​အ​ရာ​ရွေး​ချယ်​ရ​မည်​ကို ငါ​မ​သိ။

23. သို့​ဖြစ်​၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အ​ကျပ်​ရိုက်​နေ​၏။ ငါ​သည် ဤ​ဘ​ဝ​ကို​စွန့်​ခွာ​၍ ခ​ရစ်​တော်​နှင့်​အ​တူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထို​သို့​ဖြစ်​လျှင် များ​စွာ​သာ​လွန်​ကောင်း​မွန်​၏။

24. သို့​သော် ဤ​ကိုယ်​ခန္ဓာ​၌ ငါ​ဆက်​၍​ရှိ​နေ​ခြင်း​သည် သင်​တို့​အ​တွက် ပို​မို​လို​အပ်​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 1