1. ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
2. ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
3. ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို ကျေးဇူးတင်လျက်
4. ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
5. အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပထမဦးဆုံးနေ့မှစ၍ ယခုတိုင်အောင် ကောင်းမြတ်သောသတင်းအတွက် ပူးပေါင်းပါဝင်ခဲ့ကြသောကြောင့်ဖြစ်၏။
6. သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။