3. ဤသို့ဖြင့် သူသည် သွား၍ ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှအလင်းသည် သူ့ပတ်လည်၌ ရုတ်တရက်ထွန်းတောက်လေ၏။
4. သူသည် မြေပေါ်သို့လဲကျသွားရာ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
5. ရှောလုကလည်း “သခင်ဘုရား၊ ကိုယ်တော်သည် မည်သူနည်း”ဟု မေးလျှောက်လျှင် “ငါသည် သင်ညှဉ်းဆဲသောယေရှုဖြစ်၏။