တ​မန်​တော်​ဝတ္ထု 9:19-27 Myanmar Standard Bible (MSB)

19. အ​စား​အ​စာ​ကို​သုံး​ဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။ ထို့​နောက် သူ​သည် ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ​ထိုင်​ပြီး​မှ

20. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်​ချင်း​ဟော​ပြော​လေ​၏။

21. ကြား​နာ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​လျက် “ဤ​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ဤ​နာ​မ​ကို ပတ္ထ​နာ​ပြု​သော​သူ​တို့​အား ဖျက်​ဆီး​ရန် ကြိုး​စား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်​နှောင်​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပို့​ဆောင်​မည်​ဟူ​သော​ရည်​ရွယ်​ချက်​ဖြင့် ဤ​နေ​ရာ​သို့​ရောက်​လာ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကြ​၏။

22. သို့​သော် ရှော​လု​သည် ခွန်​အား​နှင့် ပို​၍​ပြည့်​စုံ​လာ​ပြီး ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း သက်​သေ​ထူ​ကာ ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​ကြ​သော​ဂျူး​လူ​မျိုး​တို့​ကို အံ့​ဩ​တွေ​ဝေ​စေ​၏။

23. ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​ကြ​သော်​လည်း

24. သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ကို ရှော​လု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံ​ခါး​များ​ကို စောင့်​ကြပ်​ထား​ကြ​၏။

25. သို့​သော် ရှော​လု​၏​တ​ပည့်​တို့​သည် ည​အ​ချိန်​၌ သူ့​ကို​ခေါ်​ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့​ရိုး​ပေါ်​မှ​လျှော​ချ​ကြ​၏။

26. ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​များ​နှင့်​ပေါင်း​ဖော်​ရန် ကြိုး​စား​သော်​လည်း သူ​တို့​အား​လုံး​သည် သူ့​ကို တ​ပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​နေ​ကြ​၏။

27. သို့​သော် ဗာ​န​ဗ​သည် သူ့​ကို​ဖေး​မ​၍ တ​မန်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​ပြီး​လျှင် ရှော​လု​သည် လမ်း​ခ​ရီး​၌ သ​ခင်​ဘု​ရား​ကို တွေ့​မြင်​ခဲ့​ပုံ​မှ​စ​၍ သ​ခင်​ဘု​ရား​က သူ့​အား​မိန့်​တော်​မူ​ခဲ့​ပုံ​နှင့် ဒ​မတ်​စ​ကပ်​မြို့​တွင် ယေ​ရှု​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ သူ​ဟော​ပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြော​ပြ​လေ​၏။

တ​မန်​တော်​ဝတ္ထု 9