တ​မန်​တော်​ဝတ္ထု 8:25-30 Myanmar Standard Bible (MSB)

25. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို သက်​သေ​ခံ​၍​ဟော​ပြော​ကြ​ပြီး​နောက် ရှ​မာ​ရိ​နယ်​သား​တို့​၏​ကျေး​ရွာ​များ​စွာ​တို့​၌​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျက် ဂျေ​ရု​ဆ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။

26. တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဖိ​လိပ္ပု​အား “ထ​၍ ဂျေ​ရု​ဆ​လင်​မြို့​မှ ဂါ​ဇာ​မြို့​သို့ ဆင်း​သွား​ရာ​လမ်း​အ​တိုင်း တောင်​ဘက်​သို့​သွား​လော့”​ဟု မြွက်​ဆို​၏။ ထို​လမ်း​သည် တော​ကန္တာ​ရ​လမ်း​ဖြစ်​၏။

27. ထို့​ကြောင့် ဖိ​လိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထို​စဉ် အီ​သီ​ယိုး​ပီး​ယား​ဘု​ရင်​မ​ကန္ဒက်​၏​မှူး​မတ်​ကြီး​ဖြစ်​ပြီး ဘု​ရင်​မ​၏​ဘဏ္ဍာ​အား​လုံး​ကို စီ​မံ​အုပ်​ချုပ်​ရ​သော အီ​သီ​ယိုး​ပီး​ယား​ပြည်​သား​တစ်​ဦး​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ လာ​ရောက်​ဝတ်​ပြု​ကိုး​ကွယ်​ပြီး

28. အ​ပြန်​ခ​ရီး​တွင် မိ​မိ​၏​ရ​ထား​ပေါ်​၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ကျမ်း​ကို​ဖတ်​နေ​၏။

29. ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ဖိ​လိပ္ပု​အား “ထို​ရ​ထား​အ​နီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

30. ဖိ​လိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သ​ဖြင့် “သင်​ဖတ်​နေ​သော​အ​ရာ​ကို နား​လည်​ပါ​သ​လော”​ဟု မေး​လေ​၏။

တ​မန်​တော်​ဝတ္ထု 8