တ​မန်​တော်​ဝတ္ထု 8:17-24 Myanmar Standard Bible (MSB)

17. ထို့​နောက် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် သူ​တို့​အ​ပေါ်​လက်​တင်​ကြ​သော​အ​ခါ သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။

18. တ​မန်​တော်​တို့​လက်​တင်​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို လူ​တို့​ရ​ရှိ​ကြောင်း ရှိ​မုန်​မြင်​လျှင် တ​မန်​တော်​တို့​ထံ​သို့ ငွေ​ကို​ယူ​ဆောင်​လာ​၍

19. “အ​ကျွန်ုပ်​လက်​တင်​သူ​တိုင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ​ရန် အ​ကျွန်ုပ်​အား​လည်း ဤ​အ​ခွင့်​ကို​ပေး​ပါ”​ဟု ဆို​လေ​၏။

20. ထို​အ​ခါ ပေ​တ​ရု​က “သင်​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို ငွေ​အား​ဖြင့်​ဝယ်​ယူ​နိုင်​သည်​ဟု​ထင်​မှတ်​သော​ကြောင့် သင်​၏​ငွေ​သည် သင်​နှင့်​အ​တူ​ပျက်​စီး​ပါ​စေ။

21. သင်​၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မ​မှန်​ကန်​သော​ကြောင့် သင်​သည် ဤ​အ​မှု​အ​ရာ​၌ ပါ​ဝင်​ခွင့်​မ​ရှိ။ သင့်​ဝေ​စု​လည်း​မ​ရှိ။

22. ထို့​ကြောင့် သင်​၌​ရှိ​သော ဤ​မ​ကောင်း​မှု​အ​တွက် နောင်​တ​ရ​လျက် သ​ခင်​ဘု​ရား​ထံ​ဆု​တောင်း​လော့။ သို့​ပြု​လျှင် သင့်​စိတ်​နှ​လုံး​၏​အ​ကြံ​အ​စည်​အ​တွက် သင်​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကောင်း​ခံ​ရ​လိမ့်​မည်။

23. အ​ကြောင်း​မူ​ကား သင်​သည် ခါး​သီး​သော​သည်း​ခြေ​နှင့် မ​တ​ရား​မှု​၏​အ​နှောင်​အ​ဖွဲ့​ထဲ​၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

24. ရှိ​မုန်​က​လည်း “သင်​တို့​ပြော​သည့်​အ​ရာ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​မ​သက်​ရောက်​စေ​ရန် အ​ကျွန်ုပ်​အ​တွက် သ​ခင်​ဘု​ရား​ထံ ဆု​တောင်း​ပေး​ကြ​ပါ”​ဟု ပြန်​ပြော​လေ​၏။

တ​မန်​တော်​ဝတ္ထု 8