14. ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
15. ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
16. သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
17. အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
18. အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော အခြားဘုရင်တစ်ပါးပေါ်ထွန်းသည်အထိ ထိုသို့တိုးပွားများပြားလေ၏။
19. ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။