12. ထို့ပြင် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများနှင့် လူထုတို့ကို လှုံ့ဆော်၍ သူ့ကိုဝင်ရောက်ဖမ်းဆီးကာ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
13. ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
14. အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။