တ​မန်​တော်​ဝတ္ထု 5:6-9 Myanmar Standard Bible (MSB)

6. ထို့​နောက် လူ​ငယ်​တို့​သည်​ဝင်​လာ​၍ သူ​၏​အ​လောင်း​ကို အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​လျှင် သယ်​ဆောင်​သွား​လျက် သင်္ဂြိုဟ်​ကြ​လေ​၏။

7. သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏​ဇ​နီး​သည် ဖြစ်​ပျက်​ခဲ့​သော​အ​ကြောင်း​အ​ရာ​ကို​မ​သိ​ဘဲ ဝင်​လာ​၏။

8. ထို​အ​ခါ ပေ​တ​ရု​က သူ့​အား “သင်​တို့​သည် ထို​မြေ​ကွက်​ကို ဤ​မျှ​နှင့်​ရောင်း​ခဲ့​သည်​မှာ ဟုတ်​မ​ဟုတ် ငါ့​အား​ပြော​လော့”​ဟု မေး​လေ​သော် သူ​က “ဟုတ်​ပါ​၏။ ဤ​မျှ​နှင့်​ရောင်း​ခဲ့​ပါ​၏”​ဟု ဆို​၏။

9. ပေ​တ​ရု​က​လည်း “သင်​တို့​သည် အ​ဘယ်​ကြောင့် သ​ဘော​တူ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ကို​စမ်း​သပ်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်​၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​ခဲ့​သော​သူ​တို့​၏​ခြေ​လှမ်း​များ​သည် တံ​ခါး​နား​သို့​ရောက်​နေ​ကြ​ပြီ။ သူ​တို့​သည် သင့်​ကို​လည်း သယ်​ဆောင်​သွား​ကြ​လိမ့်​မည်”​ဟု ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 5