တ​မန်​တော်​ဝတ္ထု 5:38-42 Myanmar Standard Bible (MSB)

38. သို့​ဖြစ်​၍ ယ​ခု သင်​တို့​အား ငါ​ပြော​မည်။ ဤ​သူ​တို့​နှင့် ကင်း​ရှင်း​စွာ​နေ​၍ သူ​တို့​ကို​လွှတ်​ထား​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ဤ​အ​ကြံ​အ​စည် သို့​မ​ဟုတ် ဤ​လှုပ်​ရှား​မှု​သည် လူ​တို့​ထံ​မှ​ဖြစ်​လျှင် ပျက်​စီး​သွား​လိမ့်​မည်။

39. သို့​သော် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်​ဆီး​၍​မ​ရ​နိုင်​သည်​သာ​မ​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​သူ​များ​ဖြစ်​သွား​နိုင်​၏”​ဟု ပြော​ဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အ​ကြံ​ပေး​ချက်​ကို လက်​ခံ​ကြ​၏။

40. ထို့​နောက် တ​မန်​တော်​တို့​ကို​ခေါ်​လျက် ရိုက်​နှက်​ပြီး​မှ ယေ​ရှု​၏​နာ​မ​ကို​အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​မ​ပြု​ရန် အ​မိန့်​ပေး​ကာ ပြန်​လွှတ်​လိုက်​ကြ​၏။

41. တ​မန်​တော်​တို့​သည် နာ​မ​တော်​အ​တွက် အ​ရှက်​ခွဲ​ခြင်း​ကို​ခံ​ထိုက်​သူ​များ​အ​ဖြစ် မှတ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​ကြောင့် ဝမ်း​မြောက်​လျက် တ​ရား​လွှတ်​တော်​ရှေ့​မှ​ထွက်​သွား​ကြ​၏။

42. ထို့​နောက် သူ​တို့​သည် နေ့​စဉ်​နေ့​တိုင်း ဗိ​မာန်​တော်​၌​လည်း​ကောင်း၊ အိမ်​များ​၌​လည်း​ကောင်း အ​စဉ်​မ​ပြတ်​သွန်​သင်​လျက် ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​ကြ​၏။

တ​မန်​တော်​ဝတ္ထု 5