တ​မန်​တော်​ဝတ္ထု 28:9-13 Myanmar Standard Bible (MSB)

9. ဤ​အ​ရာ​ဖြစ်​ပြီး​နောက် ကျွန်း​ပေါ်​ရှိ​နာ​မ​ကျန်း​ဖြစ်​သော​အ​ခြား​သူ​များ​လည်း ပေါ​လု​ထံ​လာ​ကြ​၍ ရော​ဂါ​ပျောက်​ကင်း​ခြင်း​အ​ခွင့်​ကို​ရ​ကြ​၏။

10. ထို​သူ​တို့​သည် များ​စွာ​သော​လက်​ဆောင်​ဖြင့် ငါ​တို့​ကို ဂုဏ်​ပြု​လျက် ငါ​တို့​ရွက်​လွှင့်​သော​အ​ခါ​၌​လည်း လို​အပ်​သည့်​အ​ရာ​များ​ကို တင်​ပေး​လိုက်​ကြ​၏။

11. သုံး​လ​ကြာ​ပြီး​နောက် ထို​ကျွန်း​ပေါ်​တွင် ဆောင်း​ခို​နေ​သည့် နတ်​အ​မြွာ​ညီ​နောင်​ရုပ်​ပါ​အ​လက်​ဇန္ဒြိ​ယ​သင်္ဘော​ဖြင့် ငါ​တို့​သည် ရွက်​လွှင့်​ကြ​၏။

12. ထို့​နောက် သ​ရ​ကုတ်​မြို့​၌​ဆိုက်​ကပ်​လျက် သုံး​ရက်​နေ​ပြီး​မှ

13. တစ်​ဖန် ရွက်​လွှင့်​ပြန်​ရာ ရေ​ဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သ​ဖြင့် ဒု​တိ​ယ​နေ့​၌ ပေါ​တ​ယော​လိ​မြို့​သို့​ရောက်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 28