တ​မန်​တော်​ဝတ္ထု 27:21-25 Myanmar Standard Bible (MSB)

21. လူ​တို့​သည် ကြာ​မြင့်​စွာ​အ​စာ​မ​စား​ဘဲ​နေ​ကြ​သော​အ​ခါ ပေါ​လု​သည် သူ​တို့​အ​လယ်​၌​ရပ်​လျက် “အို မိတ်​ဆွေ​တို့၊ သင်​တို့​သည် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​ထောင်​၍ က​ရေ​တေ​ကျွန်း​မှ​မ​ထွက်​ခွာ​ဘဲ နေ​သင့်​ပေ​သည်။ သို့​ပြု​လျှင် ဤ​ဘေး​အန္တ​ရာယ်​နှင့်​ဆုံး​ရှုံး​မှု​တို့​မှ ကင်း​လွတ်​ခဲ့​ရ​ကြ​ပေ​လိမ့်​မည်။

22. သို့​သော် အား​မ​ငယ်​ကြ​ရန် သင်​တို့​အား အ​ကျွန်ုပ်​တိုက်​တွန်း​ပါ​သည်။ အ​ကြောင်း​မူ​ကား သင်​တို့​ထဲ​မှ တစ်​စုံ​တစ်​ဦး​မျှ အ​သက်​ဆုံး​ရှုံး​ရ​မည်​မ​ဟုတ်။ သင်္ဘော​ကို​သာ ဆုံး​ရှုံး​ရ​လိမ့်​မည်။

23. အ​ဘယ်​ကြောင့်​ဆို​သော် အ​ကျွန်ုပ်​ကို​ပိုင်​သ​တော်​မူ​သည့် အ​ကျွန်ုပ်​ဝတ်​ပြု​သော​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည် လွန်​ခဲ့​သော​ည​က အ​ကျွန်ုပ်​အ​နီး​၌​ရပ်​လျက်

24. ‘ပေါ​လု၊ မ​စိုး​ရိမ်​နှင့်။ သင်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ရှေ့​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရွက်​လွှင့်​နေ​သူ​အ​ပေါင်း​တို့​ကို​လည်း သင့်​အား ပေး​အပ်​တော်​မူ​ပြီ’​ဟု မြွက်​ဆို​ခဲ့​ပါ​သည်။

25. သို့​ဖြစ်​၍ မိတ်​ဆွေ​တို့၊ အား​မ​ငယ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ပင် ဖြစ်​လိမ့်​မည်​ဟု ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်။

တ​မန်​တော်​ဝတ္ထု 27