တ​မန်​တော်​ဝတ္ထု 26:14-22 Myanmar Standard Bible (MSB)

14. အ​ကျွန်ုပ်​တို့​အား​လုံး​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် ‘ရှော​လု၊ ရှော​လု၊ သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း။ တုတ်​ချွန်​ကို​ကန်​ရန် သင့်​အ​တွက်​ခက်​၏’​ဟု အ​ကျွန်ုပ်​အား​ပြော​သော​အ​သံ​ကို အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

15. ထို​အ​ခါ အ​ကျွန်ုပ်​က ‘သ​ခင်၊ ကိုယ်​တော်​သည် မည်​သူ​ဖြစ်​ပါ​သ​နည်း’​ဟု မေး​လျှောက်​လျှင် သ​ခင်​ဘု​ရား​က ‘ငါ​သည် သင်​ညှဉ်း​ဆဲ​သော​ယေ​ရှု​ဖြစ်​၏။

16. သင်​သည်​ထ​၍ သင့်​ခြေ​ဖြင့်​မတ်​တတ်​ရပ်​လော့။ ငါ​သည် သင့်​ထံ​ထင်​ရှား​သည်​မှာ ငါ့​ကို​သင်​မြင်​ရ​သည့်​အ​ကြောင်း​နှင့် သင့်​အား ငါ​ထင်​ရှား​ပြ​မည့်​အ​ရာ​များ​အ​တွက် သင့်​ကို အ​မှု​တော်​ဆောင်​အ​ဖြစ်​လည်း​ကောင်း၊ သက်​သေ​အ​ဖြစ်​လည်း​ကောင်း ခန့်​ထား​ရန်​ဖြစ်​၏။

17. ငါ​သည် ဂျူး​လူ​မျိုး​၏​လက်​မှ​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​၏​လက်​မှ​လည်း​ကောင်း သင့်​ကို​ကယ်​နုတ်​မည်။ ထို​သူ​တို့​ထံ​သို့​သင့်​ကို ငါ​စေ​လွှတ်​၏။

18. ဤ​သည်​ကား သူ​တို့​၏​မျက်​စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အ​မှောင်​မှ အ​လင်း​သို့​လည်း​ကောင်း၊ စာ​တန်​၏​အ​ခွင့်​အာ​ဏာ​မှ ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည် ငါ့​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​ကာ သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သော​သူ​တို့​ထဲ​တွင် ပါ​ဝင်​ရ​မည့်​အ​ကြောင်း​တည်း’​ဟု မိန့်​တော်​မူ​ခဲ့​ပါ​သည်။

19. ထို့​ကြောင့် အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို နား​မ​ထောင်​၍​မ​နေ​ဘဲ

20. ဦး​စွာ ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ ထို့​နောက် ဂျေ​ရု​ဆ​လင်​မြို့​နှင့် ယု​ဒ​နယ်​တစ်​နယ်​လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​ကို​လည်း​ကောင်း နောင်​တ​ရ​၍ ဘု​ရား​သ​ခင်​ထံ​ပြောင်း​လဲ​ကာ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​မှု​များ​ကို ပြု​ကြ​ရန် ဟော​ပြော​ခဲ့​ပါ​သည်။

21. ဤ​အ​ကြောင်း​များ​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို ဗိ​မာန်​တော်​၌​ဖမ်း​ဆီး​၍ သတ်​ရန်​ကြိုး​စား​ခဲ့​ကြ​သည်။

22. သို့​ရာ​တွင် အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​၏​မ​စ​ခြင်း​ကျေး​ဇူး​ကို​ခံ​စား​ရ​၍ ယ​နေ့​တိုင်​အောင် ရပ်​လျက် လူ​ကြီး​လူ​ငယ်​တို့​အား သက်​သေ​ခံ​နေ​ပါ​သည်။ ထို​သို့​သက်​သေ​ခံ​ရာ​၌ နောင်​တွင် ဖြစ်​ပျက်​မည်​ဟု မော​ရှေ​နှင့်​ပ​ရော​ဖက်​တို့​ဟော​ပြော​ခဲ့​သည့်​အ​ရာ​များ​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မ​ပြော​ဆို​ခဲ့​ပါ။

တ​မန်​တော်​ဝတ္ထု 26