တ​မန်​တော်​ဝတ္ထု 25:25-27 Myanmar Standard Bible (MSB)

25. သို့​ရာ​တွင် သူ​သည် သေ​ဒဏ်​ခံ​ထိုက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​ကြောင်း အ​ကျွန်ုပ်​သ​တိ​ထား​မိ​ပါ​သည်။ သို့​သော် သူ​ကိုယ်​တိုင် ဧ​က​ရာဇ်​မင်း​ထံ အ​ယူ​ခံ​ဝင်​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ပို့​ပေး​ရန် အ​ကျွန်ုပ်​ဆုံး​ဖြတ်​ထား​ပါ​သည်။

26. သို့​ရာ​တွင် အ​ရှင်​ဧ​က​ရာဇ်​မင်း​ထံ သူ့​အ​ကြောင်း​ရေး​သား​ရန် တိ​ကျ​သော​အ​ကြောင်း​အ​ချက် တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​၌​မ​ရှိ​ပါ။ ထို့​ကြောင့် ဤ​စစ်​ဆေး​မှု​ပြီး​ဆုံး​သော​အ​ခါ အ​ကျွန်ုပ်​ရေး​သား​ရန် အ​ကြောင်း​အ​ချက်​တစ်​စုံ​တစ်​ခု​ရ​ရှိ​နိုင်​မည့်​အ​ကြောင်း သူ့​ကို အ​ရှင်​တို့​ရှေ့​၌၊ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ရှင့်​ရှေ့​၌​အ​ကျွန်ုပ်​ထုတ်​ဆောင်​ခဲ့​ပါ​သည်။

27. အ​ကြောင်း​မူ​ကား အ​ကျဉ်း​သား​တစ်​ဦး​ကို သူ့​အ​ပေါ်​တင်​ထား​သည့်​စွဲ​ချက်​များ​မ​ပါ​ဘဲ စေ​လွှတ်​ခြင်း​မှာ မ​သင့်​လျော်​ဟု အ​ကျွန်ုပ်​ထင်​ပါ​သည်”​ဟု ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 25